သီးသန့်မူဝါဒ
မသက်ဆိုင်ကြောင်းရှင်းလင်းချက်
Suzuki Myanmar Automobile Portal (SMAP) သည် သင်နှင့်ပတ်သက်သော အချက်အလက်များကို အသုံးပြုပုံနှင့် မျှဝေထားပုံကို သင် အလေးထားမှန်းသိရှိပြီး သင်၏ယုံကြည်မှုကို တန်ဖိုးထားလျှက် သတိရှိရှိနှင့် ချင့်ချိန်ဆင်ခြင်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထိုသတိပေးအကြောင်းကြာစာတွင် ကျွန်ုပ်တို့၏ သီးသန့်မူဝါဒဖော်ပြထားပါသည်။ SMAP ကိုဝင်ရောက်ကြည့်ရှုခြင်းဖြင့် ထိုသီးသန့်သတိပေပးအကြောင်းကြားချက် တွင်ဖော်ပြထားသော လိုက်နာကျင့်သုံးရမည့်အချက်များကို အသိအမှတ်ပြုလက်ခံပြီးဖြစ်မည်။
SMAP သည်အသုံးပြုသူနှင့်ပတ်သက်သော မည်သည့်ကိုယ်ရေးအချက်အလက်များကို စုဆောင်းသနည်း။
အသုံးပြုသူတို့ထံမှ လေ့လာရရှိလာသော သတင်းအချက်အလက်များသည် သင်၏ Suzuki Myanmar Automobile Portal မှအတွေ့အကြုံကို ကိုယ်ပိုင်သီးသန့်ဖြစ်စေရန်နှင့် အဆက်မပြတ် အဆင့်မြှင့်တင်ရာတို့တွင် အထောက်အကူရရှိပါသည်။ ကျွန်ုပ်တို့စုဆောင်းသိမ်းဆည်းသော သတင်းအချက်အလက်အမျိုးအစားများသည် အောက်ပါအတိုင်းဖြစ်သည်။
- သင်မှ ကျွန်ုပ်တို့ကိုပေးအပ်သော သတင်းအချက်အလက်များ၊ ကျွန်တော်တို့ဝက်ဘ်ဆိုဒ်တွင် သင်ထည့်သွင်းထားသော သို့မဟုတ် အခြားမည်သည့်နည်းဖြင့် ပေးထားသော အချက်အလက်ဟူသမျှကို လက်ခံမှတ်သားထားသည်။ သင်အနေဖြင့် အချို့သော အချက်အလက်များကို မပေးရန်ရွေးချယ်နိုင်သော်လည်း ကျွန်ုပ်တို့အစီအစဉ်အတော်များများ၏ အကျိုးကျေးဇူးကို ရယူနိုင်မည်မဟုတ်ပေ။ သင်ပေးအပ်လာသောအချက်အလက်များကို သင်တောင်းဆိုမှုများကိုတုံ့ပြန်ရန်နှင့် သင်နှင့် ဆက်သွယ်ပြောဆိုရန် အစရှိသောရည်ရွယ်ချက်ဖြင့် အသုံးပြုပါသည်။
- အလိုအလျောက်သတင်းအချက်အလက်များ၊ ကျွန်ုပ်တို့နှင့် အပြန်အလှန်တုံ့ပြန်မှုပြုလုပ်သည့် မည်သည့်အချိန်မဆို သတင်းအချက်အလက်အမျိုးအစားအလိုက် လက်ခံသိမ်းဆည်းထားပါသည်။ ဥပမာအားဖြင့် အခြားဝက်ဘ်ဆိုဒ်များကဲ့သို့ပင် ကျွန်ုပ်တို့သည် ကွက်ကီးကိုအသုံးပြုထားပြီး သင်၏ဝက်ဘ်စာမျက်နှာရှာဖွေမှုပရိုဂရမ်ဖြင့် SMAP ကို ဝင်ရောက်ကြည့်ရှုသည့်အခါ သို့မဟုတ် အခြားဝက်ဘ်စာမျက်နှာပေါ်ရှိ SMAP မှဖြစ်စေ SMAP ကိုယ်စားဖြစ်စေ တင်ပြထားသော ကြော်ငြာနှင့် အခြားအကြောင်းအရာများသို့ ဝင်ရောက်ကြည့်ရှုသည့်အခါ သတင်းအချက်အလက်အမျိုးအစားအချို့ကို ရယူသိမ်းဆည်းထားပါသည်။
- အီးမေးလ်အဆက်အသွယ်များ၊ ပိုမိုအသုံးဝင်၍ ပိုမိုစိတ်ဝင်စားဖွယ်ရှိသော အီးမေးလ်ဖြစ်စေရန် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အလို့ငှာ SMAP မှ အီးမေးလ်ကို ဖွင့်သည့်အခါ သင်၏ ကွန်ပျူတာတွင်လည်း ထိုကဲ့သို့စွမ်းဆောင်ရည်များရှိသည်ဆိုလျှင် ကျွန်ုပ်တို့သည် အတည်ပြုချက်တစ်စောင် မကြာခဏလက်ခံရရှိသည်။ ကျွန်ုပ်တို့၏အသုံးပြုသူထံ မလိုအပ်သော မက်ဆေ့ခ်ျများ ပေးပို့ခြင်းကို ရှောင်ကြဉ်နိုင်ရန် ကြိုးစားဆောင်ရွက်ရာတွင် ကျွန်ုပ်တို့၏ အသုံးပြုသူစာရင်းနှင့် အခြားကုမ္ပဏီမှ အသုံးပြုသူစာရင်းတို့ကို နှိုင်းယှဉ်ကြည့်ရှုပါသည်။
- အခြားအရင်းအမြစ်များမှ သတင်းအချက်အလက်များ၊ အခြားအရင်းအမြစ်များမှ သင်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို ကျွန်ုပ်တို့မှ လက်ခံထားနိုင်ပြီး ကျွန်ုပ်တို့၏ အကောင့်အချက်အလက်များထဲသို့ ထည့်သွင်းထားကောင်းထားမည်။
ကွတ်ကီးအကြောင်းသိကောင်းစရာ
- ကွတ်ကီးများသည် ကျွန်တော်တို့၏ ဖွဲ့စည်းပုံစနစ်မှ သင်၏စက်ပစ္စည်းကို မှတ်သားခွင့်ပြုပေးရန်နှင့် ဝယ်ယူခြင်း၊ ဝက်ဘ်ဆိုဒ်များပေါ်တွင် သီးသန့်ရွေးချယ်ထားသော ဘာသာစကားတို့ကဲ့သို့သော လုပ်ဆောင်ချက်များကို ပေးအပ်နိုင်ရန် တစ်မူထူးသည့် အချက်အလက်ခွဲခြားထုတ်ပေးသည့်အရာဖြစ်သည်။ အင်တာနက်ရှာဖွေမှုအများစုရှိ အကူအညီလုပ်ဆောင်ချက်သည် သင်၏ အင်တာနက်ရှာဖွေမှုစာမျက်နှာကို ကွတ်ကီများလက်ခံခြင်းမရှိစေရန် ကာကွယ်နည်း၊ ကွတ်ကီးအသစ်တစ်ခုကို လက်ခံရရှိသည့်အခါ အင်တာနက်ရှာဖွေမှုစာမျက်နှာမှ သတိပေးစေနည်း၊ သို့မဟုတ် ကွတ်ကီးအားလုံးကို အလုပ်လုပ်ဆောင်မှုရပ်တပ်စေနည်းတို့အကြောင်း သင်ကို ပြောပြပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖလက်ရှ်ကွတ်ကီးကဲ့သို့သော အင်တာနက်ရှာဖွေမှုစာမျက်နှာ ထပ်တိုးလုပ်ဆောင်ချက်များဖြင့်လည်းကောင်း၊ ထပ်တိုးလုပ်ဆောင်ချက်၏ ဆက်တင်များကိုပြောင်းလဲခြင်းဖြင့်လည်းကောင်း သို့မဟုတ် ထိုလုပ်ဆောင်ချက်များ၏ ထုတ်လုပ်သူဝက်ဘ်ဆိုဒ်သို့ သွားရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း အလားတူအချက်များကို လုပ်ဆောင်ချက်ရပ်တန့်စေနိုင်သလို ဖျက်သိမ်းနိုင်ပါသည်။ ကွတ်ကီးသည် SMAP အခြေခံလုပ်ဆောင်ချက်တချို့ကို ခံစားခွင့်ရမည်ဖြစ်၍ ထိုကွတ်ကီးကိုဖွင့်ထားပေးရန် အကြံပြုအပ်ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ကွတ်ကီးကို ပိတ်ဆို့ထားလျှင် သို့မဟုတ်ပါက ငြင်းပယ်ထားလျှင် အမျိုးအစားများကို ထပ်မံထည့်သွင်း၍ရမည်မဟုတ်သလို သင်တို့ဘက်မှ အကောင့်ဝင်ရောက်ရန်လိုအပ်သည့် မည်သည့် SMAP ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုမျှ အသုံးပြု၍ရမည်မဟုတ်တော့ပါ။
SAP သည် လက်ခံရရှိလာသော သတင်းအချက်အလက်များကို မျှဝေပါသလား။
ကျွန်ုပ်တို့၏အသုံးပြုသူနှင့် ပတ်သက်သော သတင်းအချက်အလက်သည် ကျွန်ုပ်တို့လုပ်ငန်း၏ အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်၍ တစ်ပါးသူများထံ ရောင်းချခြင်းလုပ်ငန်းမျိုးကို မလုပ်ဆောင်ပါ။ အသုံးပြုသူဆိုင်ရာအချက်အလက်များကို အောက်ဖော်ပြပါအတိုင်းမျှဝေ၍ Suzuki Myanmar Motor Co., Ltd (SMMC) ၏ လက်အောက်ခံကုမ္ပဏီများနှင့်သာ မျှဝေကာ ထိုသီးသန့်မူဝါဒ သို့မဟုတ် အောက်ပါလုပ်ငန်းဆောင်တာများထဲမှ အနည်းဆုံးတစ်ခုအပေါ်မူတည်၍ ထိုသီးသန့်မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ကာကွယ်ပေးသွားမည်ဖြစ်သည်။
- ကြော်ငြာအစီအစဉ်ကမ်းလှမ်းမှုများ၊ တစ်ခါတစ်ရံ ရွေးချယ်ထားသော SMAP အသုံးပြုသူအုပ်စုသို့ အခြားလုပ်ငန်းများအစား ကမ်းလှမ်းမှုများ ပေးပို့သည့်အခါရှိပါသည်။ ထိုကဲ့သို့ပေးပို့လာသည့်အခါ သင်၏အမည်နှင့် နေရပ်လိပ်စာများကို ၄င်းလုပ်ငန်းများသို့ မမျှဝေပါ။
- SMAP ၏ကာကွယ်ပေးမှု၊ ဥပဒေနှင့် ငြိစွန်းခြင်းမရှိသည့်အခါ၊ ကျွန်ုပ်တို့၏ သတ်မှတ်ချက်နှင့် စည်းကမ်းချက်တို့အပြင် အခြားသဘောတူညီမှုများအရ အတည်ပြုနိုင်သည့်အခါ သို့မဟုတ် သက်ရောက်သည့်အခါ၊ သို့မဟုတ် SMAP နှင့် ကျွန်ုပ်တို့၏ အသုံးပြုသူများ၏ လုပ်ပိုင်ခွင့်၊ ပိုင်ဆိုင်မှု သို့မဟုတ် ဘေးကင်းလုံခြုံများကို ကာကွယ်ပေးသည့်အခါ အကောင့်နှင့် အခြားကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ဘက်မှ ထုတ်ပြန်ပါသည်။ ထိုသို့ထုတ်ပြန်ခြင်းတွင် လိမ်လည်မှုများမရှိစေရေးနှင့် ငွေပေးချေခြင်းမပျက်ကွက်စေရေးတို့အတွက် အခြားကုမ္ပဏီနှင့် အဖွဲ့အစည်းတို့နှင့် သတင်းအချက်အလက်များ အလဲအလှယ်ပြုခြင်းပါဝင်ပါသည်။
မိမိနှင့်ပတ်သက်သော အချက်အလက်များသည် မည်မျှလုံခြုံမှုရှိသနည်း။
- သင်၏သတင်းအချက်အလက်များကို တစ်ဆင့်ပေးပို့နေစဉ် လုံခြုံမှုရှိစေရေးအတွက် ကျွန်ုပ်တို့က သင်ထည့်သွင်းထားသော အချက်အလက်များကို ကုဒ်နံပါတ်များအဖြစ် ပြောင်းပေးသည့် Secure Sockets Layer (SSL) ဆော့ဝဲကိုအသုံးပြု၍ ကာကွယ်ပေးပါသည်။
- သင်တို့အနေဖြင့် သင်တို့၏ စကားဝှက်ကိုဖြစ်စေ ကွန်ပျူတာကိုဖြစ်စေ ခွင့်ပြုချက်မရှိအသုံးပြုခြင်း မရှိစေရန်ကာကွယ်ပေးရန် အရေးကြီးပါသည်။ အများသုံးကွန်ပျူတာတစ်ခုကိုအသုံးပြုခြင်း ပြီးစီးသည့်အခါ အကောင့်မှ သေချာထွက်ခဲ့ပါ။
မည်သည့်သတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်သနည်း။
သင်၏ အကောင့်နှင့် ကန့်သတ်ထားသော ကြည့်ရှုခြင်း၊ ဒေါင်းလုတ်လုပ်ခြင်းရည်ရွယ်ချက်အတွက် SMAP နှင့်အပြန်အလှန်တုံ့ပြန်ထားမှုများနှင့် ပတ်သက်၍ ကျယ်ပြန့်လှသော သတင်းအချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်သလို အချို့သောအခြေအနေများတွင် သတင်းအချက်အလက်များကို ပြောင်းလဲပြင်ဆင်ခွင့်တို့ကိုပါ SMAP မှခွင့်ပြုထားပါသည်။
ရနိုင်သောရွေးချယ်ခွင့်များသည် အဘယ်နည်း။
- အထက်တွင်ဆွေးနွေးခဲ့သည့်အတိုင်း သင်အနေဖြင့် သင်၏ ကိုယ်ရေးအချက်အလက်နှင့် သတင်းများနှင့်နောက်ဆုံးရသတင်းများကဲ့သို့သော SMAP လုပ်ဆောင်ချက်များကို ခံစားခွင့်ရစေရန် လိုအပ်နိုင်သည့် အချက်အလက်များဖြစ်ပါစေ ၎င်းတို့ကို မပေးရန် ရွေးချယ်ခွင့်အမြဲရှိပါသည်။
- အင်တာနက်ရှာဖွေမှုအများစုရှိ အကူအညီလုပ်ဆောင်ချက်သည် သင်၏ အင်တာနက်ရှာဖွေမှုစာမျက်နှာကို ကွတ်ကီများလက်ခံခြင်းမရှိစေရန် ကာကွယ်နည်း၊ ကွတ်ကီးအသစ်တစ်ခုကို လက်ခံရရှိသည့်အခါ အင်တာနက်ရှာဖွေမှုစာမျက်နှာမှ သတိပေးစေနည်း၊ သို့မဟုတ် ကွတ်ကီးအားလုံးကို အလုပ်လုပ်ဆောင်မှုရပ်တပ်စေနည်းတို့အကြောင်း သင်ကို ပြောပြပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖလက်ရှ်ကွတ်ကီးကဲ့သို့သော အင်တာနက်ရှာဖွေမှုစာမျက်နှာ ထပ်တိုးလုပ်ဆောင်ချက်များဖြင့်လည်းကောင်း၊ ထပ်တိုးလုပ်ဆောင်ချက်၏ ဆက်တင်များကိုပြောင်းလဲခြင်းဖြင့်လည်းကောင်း သို့မဟုတ် ထိုလုပ်ဆောင်ချက်များ၏ ထုတ်လုပ်သူဝက်ဘ်ဆိုဒ်သို့ သွားရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း အလားတူအချက်များကို လုပ်ဆောင်ချက်ရပ်တန့်စေနိုင်သလို ဖျက်သိမ်းနိုင်ပါသည်။ ကွတ်ကီးသည် SMAP အခြေခံလုပ်ဆောင်ချက်တချို့ကို ခံစားခွင့်ရမည်ဖြစ်၍ ထိုကွတ်ကီးကိုဖွင့်ထားပေးရန် အကြံပြုအပ်ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့၏ ကွတ်ကီးကို ပိတ်ဆို့ထားလျှင် သို့မဟုတ်ပါက ငြင်းပယ်ထားလျှင် သင်တို့ဘက်မှ အကောင့်ဝင်ရောက်ရန်လိုအပ်သည့် မည်သည့် SMAP ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုမျှ အသုံးပြု၍ရမည်မဟုတ်တော့ပါ။
SMAP ကိုကလေးသူငယ်များ ဝင်ရောက်ကြည့်ရှုခွင့်ပေးထားပါသလား။
SMAP သည်ကလေးသူငယ်များအတွက် သတင်းအချက်အလက်များ မပေးထားပါ။
အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သတိပေးအကြောင်းကြားချက်နှင့် ပြန်လည်စိစစ်ခြင်း
SMAP သို့ဝင်ရောက်ကြည့်ရှုရန် ရွေးချယ်ထားလျှင် သင်၏ဝင်ရောက်ကြည့်ရှုမှုနှင့် ကိုယ်ရေးကိုယ်တာလျှို့ဝှက်ထားခြင်းအပေါ် အငြင်းပွားစရာကိစ္စများကို ထိုသတိပေးချက်နှင့် ကျွန်ုပ်တို့၏ သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များအရ ဖြေရှင်းမည်ဖြစ်ရာ ထိခိုက်ပျက်စီးမှုကန့်သတ်ချက်များအရ၊ အငြင်းပွားဖွယ်ကိစ္စအပေါ်ဖြေရှင်းမှုပုံစံအရနှင့် မြန်မာနိုင်ငံ၏ ပြဋ္ဌာန်းဥပဒေအရဆောင်ရွက်မည်ဖြစ်ပါသည်။ SMAP ၌ကိုယ်ရေးကိုယ်တာလျှို့ဝှက်ထားမှုနှင့်ပတ်သက်၍ ပူပင်သောကရှိနေလျှင် ပူပန်သောကဖြစ်နေသည့်အကြောင်းအရာဖော်ပြချက်နှင့်အတူ ကျွန်ုပ်တို့ကို ဆက်သွယ်ပေးပါက ကျွန်ုပ်တို့ဘက်မှ ကြိုးစားဖြေရှင်းပေးသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့လုပ်ငန်းပိုင်းသည် မကြာခဏပြောင်းလဲပြီး သီးသန့်မူဝါဒနှင့် သတ်မှတ်ချက်နှင့် စည်းမျဉ်းစည်းကမ်းချက်တို့သည်လည်း ပြောင်းလဲမည်ဖြစ်သည်။ သတိပေးချက်နှင့် အခြေအနေများအကြောင်း အခါအားလျော်စွာ အီးမေးလ်ပို့ပေးမည်ဖြစ်သော်လည်း များမကြာမီက ပြောင်းလဲချက်များကို ကြည့်ရှုရန် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ကြည့်ရှုသင့်ပါသည်။ အကယ်၍ ပြောင်းလဲခြင်းမရှိပါက ကျွန်ုပ်တို့၏သီးသန့်လျှို့ဝှက်ထားခြင်းဆိုင်ရာ သတိပေးချက်များသည် ကျွန်ုပ်တို့တွင်ရှိသော သင်နှင့် သင်၏အကောင့်ဆိုင်ရာ သတင်းအခချက်အလက်များအပါ် သက်ရောက်မှုရှိသည်။ ကျွန်ုပ်တို့ပြုလုပ်ထားသော ကတိများအရ လုပ်ဆောင်သွားမည်ဖြစ်သော်လည်း ယခင်က စုဆောင်းရယူထားသော အသုံးပြုသူဆိုင်ရာသတင်းအချက်အလက်များ၏ လုံခြုံမှု လျော့နည်းသွားစေမည့် မူဝါဒများနှင့် လိုက်နာကျင့်သုံးရမည့်အချက်များကိုမူ သက်ရောက်မှုရှိမည့် အသုံးပြုသူတို့၏ သဘောတူညီမှုမရှိဘဲ ပြင်ဆင်ပြောင်းလဲသွားမည်မဟုတ်ပါ။